
ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ပဲမြစ်ကို ရောင်းချလျက်ရှိရာ ရွှေပန်းကုန်းပဲမြစ်နှင့် မကျီးတော ပဲမြစ်ဟူ၍ (၂)မျိုးရှိပြီး ပဲမြစ်များကို ရွှေပန်းကုန်းကျေးရွာနှင့် မန္တလေးမြို့များမှ မှာယူရောင်းချ ကြောင်း၊ ပဲမြစ်ကို စားသုံးသူများသာမက၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် ဈေးသည်များ၊ ပဲမြစ် ပြုတ်ရောင်းချသည့် ခေါင်းရွက်ဗျက်ထိုး ဈေးသည်များမှလည်း ဝယ်ယူရောင်းချကြောင်း သိရသည်။
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲမြစ်ဈေးနှုန်းမှာ ဗြွန်ဝယ်ယူပါက (၁)ပိဿာ လျှင် (၃၀၀ဝိ/-)ကျပ်နှင့် လက်ရွေးဝယ်ယူပါက (၁)ပိဿာ လျှင် (၄၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက် ရှိပြီး ပဲမြစ်ဈေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
