ဇလွန်မြို့နယ် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း အသိပညာပေး  TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍(၈.၁.၂၀၂၆)ရက်နေ့ နံနက်(၁၀:၄၅)အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံး သူအဓိပ္ပါယ်၊စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက် ခဲ့ပါသည်။

    အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအဓိပ္ပါယ်အကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရှိခြင်း၊  ဈေးကွက်အတွင်း စားသုံးသူ စိတ်ကြိုက်‌ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ ကုန်စည် /ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ (သို့) အထောက်အထားရယူခွင့်ရှိကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင်  ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်ရှိခြင်း၊ အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်းနှင့် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အခွင့်အရေးများ ရရှိနိုင်ပြီး၊ စားသုံးသူ တာဝန်များဖြစ်သော ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန် ချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊ သဘောတူညီထားသည့်တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ သက် ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန်ပြောဆိုခြင်း၊ ရေး သားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း  စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

 (DOCA ဧရာဝတီ)