မုံရွာမြို့ ဈေးဟောင်းရှိ ကုလားပဲရွက်၊ ငရံ့ပတူရွက်နှင့် ကြက်တက်ရွက် ဈေးနှုန်း

Powered by Drupal

                    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းတွင် အသား၊ ငါးများအပြင်ဒေသထွက် ရာသီပေါ်ဟင်းသီးဟင်းရွက်များဖြစ်ကြသည့် ကုလားပဲရွက်၊ ငရံ့ပတူရွက်နှင့် ကြက်တက်ရွက်များကို မုံရွာမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့ပိုင်ယာခင်းများနှင့် ခြံစည်းရိုးများတွင်တပိုင်တနိုင်စိုက်ပျိုးကြပြီး ဈေးဟောင်းတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ 

                ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဈေးဟောင်းတွင် ရောင်းချနေသောကုလားပဲရွက်ဈေးနှုန်းမှာ (၂၅) ကျပ်သားလျှင် (၁၂၀၀)ကျပ် ၊ (၁)ပိဿာလျှင် (၄၈၀၀)၊  ငရံ့ပတူရွက်ပြုတ် (၁၀) ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)