
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မြို့နယ်သည် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီ များစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲ(မိုး)သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ထောပတ်ပဲ(မိုး)ကို ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်း ထွက်ပေါ်ကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၌ မြင်းခြံမြို့နယ်၌ ထောပတ်ပဲ(မိုး)သီးနှံ စိုက်ပျိုး ဧက (၂၅၀)ဧကတွင် ဧကအားလုံးရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၅)တင်းခန့် ထွက်ရှိ ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ အများဆုံး စိုက်ပျိုးသောရွာများမှာ နဘူးအိုင်ရွာ၊ ခေါင်းကွဲရွာ၊ ဒါးကျွန်းရွာနှင့် ပတ္တာကျေးရွာတို့တွင်စိုက် ပျိုးထား ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့် ကြာမြင့်ကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ပင်ထောင်မျိုးနှင့်ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲစိုက်ပျိုးရာတွင် မျိုးအနေ ဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၄၈၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ယခုထွက်ပေါ်သော ထောပတ်ပဲတစ်တင်းလျှင် (၇၅၀၀၀) ကျပ်ခန့်ပေါက်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၆၄၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ ထောပတ်ပဲသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ထိုပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့ များသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်ဝယ်လိုအားကောင်းပြီး စိုက်ပျိုးစရိတ်သက်သာ၍ စီးပွားဖြစ်ဝင်ငွေတိုးသဖြင့် တောင်သူများအကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)
