မုံရွာမြို့၊ ကျောက္ကာလမ်းတွင် ရောင်းချနေသော ရှောက်ချိုသီးနှင့် သလဲသီးဈေးနှုန်း

Powered by Drupal

                   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ‌ရှောက်ချိုသီးနှင့် သလဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ချိုသီးများကို ပြင်ဦးလွင်၊ ကျောက်မဲနှင့် သီပေါနယ်များမှ ဝင်ရောက်လျက်ရှိပြီး သလဲသီးများကို မုံရွာမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့်ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက် ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဒုတိယပတ်တွင် သံလမ်းဈေးတွင် ရောင်းချနေသော  ရှောက်ချိုသီးဈေးနှုန်းများမှာ ရှောက်ချိုသီးတစ်လုံးလျှင် (၆၀၀)ကျပ်မှ (၁၄၀၀)ကျပ်ဖြင့် လည်းကောင်း၊ သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၆၀၀) ကျပ်၊ အသေး (၁)လုံး လျှင်(၇၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)