
စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဉပဒေ၊ စားသုံးသူကာကွယ်ရေးနည်းဉပဒေများ၊ ထုတ်ပြန်ထားသော အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူ ပြည်သူများ ပွင့်လင်း မြင်သာမှုရှိစေရန် စားသုံးသူများ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ စားသုံးသူအကျိုးစီးပွား နစ်နာ ဆုံးရှုံးများ တိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန တွင် အသိပညာပေးဟောပြောခြင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ ပင်လုံရပ်ကွက်၊ ခရိုင်စားသုံးသူရေးရာဉီးစီးဌာနတွင် လည်းကောင်း၊ ကလေးမြို့၊ တပ်ဉီးသီတာရပ်ကွက်၊ အထက(၇) တွင် အသိပညာပေးဟောပြောခြင်း၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကျွန်းလှမြို့၊ သဖန်းဆိပ်ကျေးရွာရှိ အ.လ.ကကျောင်းတွင် လည်းကောင်း၊ ကျွန်းလှမြို့၊ တင်းတိန်ရံကျေးရွာရှိ အလကကျောင်းတွင် လည်းကောင်း၊ ကျွန်းလှမြို့၊ လိတ္တူကျေးရွာရှိ အ.လ.ကကျောင်းတွင် လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ခရိုင် စားသုံးသူရေးရာ ဉီးစီးဌာနတွင် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံး အနေဖြင့် စစ်ကိုင်းမြို့၊ တိန်ကုန်းရပ်ကွက်ရှိ အသေးစားစက်မှုလုပ်ငန်းဉီးစီးဌာန တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် အသိပညာပေးဟောပြောခြင်း၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်း စုစုပေါင်း(၉) ကြိမ်နှင့်၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူ အခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရေး၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍တာဝန်ယူမှု၊တာဝန်ခံမှုရှိသောလုပ်ငန်းရှင်များဖြစ်လာစေရေးတို့ကိုရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်း ဒေသကြီးဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံး အနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံး အနေဖြင့်(၃)ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ(၃)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက် ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်အချက်များကိုရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီးစီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)
