MSMEs လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များ ခင်းကျင်းပြသပွဲကျင်းပ

Powered by Drupal

              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော် ခန်းမ၌ (၂၁.၁၂.၂၀၂၅)ရက်နေ့တွင် ပြည်ခရိုင်အတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်၍ ကုန်ချောများထုတ်လုပ်နေသော ခရိုင်အတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSMEs)လုပ်ငန်းမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများပြသပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

                    MSMEs လုပ်ငန်းမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများပြသပွဲတွင် MSMEs လုပ်ငန်းရှင်(၃၄)ဦး ပါဝင်ပြသခဲ့ပြီး စားသောက်ကုန်(၂၉)ခန်း၊ လူသုံးကုန်(၅)ခန်း၊ စက်မှုကုန်ကြမ်း (၅)ခန်း၊ လယ်ယာသုံး စက်ကိရိယာ (၁၁)ခန်း၊ စုစုပေါင်း (၄၇)ခန်း၊ ထုတ်ကုန်ပစ္စည်းအမျိုးအစားပေါင်း(၁၀၀)ကျော်ပြသခဲ့ပါ ကြောင်းနှင့် အဆိုပါပြပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှလှည့်လည် ကြည့်ရှု့၍ ဒေသတွင်းသာမက အခြားတိုင်းဒေသကြီး၊ ပြည်နယ်များထိ ဈေးကွက်ဖြန့်ဖြူး ရောင်းချနိုင်ရေး၊ပြည်တွင်း၌သာမကပြည်ပထိတင်ပို့ရောင်းချနိုင်ရေးနှင့်လုပ်ငန်းများအားယခုထက်ပိုမိုတိုးချဲ့ဆောင်ရွက်သွားနိုင်ရေးလမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)