
ပဲခူးတိုင်ဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁၂/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ၃၀.၁၂.၂၀၂၅ ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင်း စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာ ဝန်ကြီးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ (၁၁/၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ဆွေးနွေးတင်ပြခဲ့ပြီး အမှာစာများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။
ထို့နောက်ကော်မတီအဖွဲ့ဝင်များက အကြံပြုချက်များတင်ပြခြင်း၊ ရှေ့ဆက်လက်၍ ဆောင်ရွက် မည့်လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၅) ဦး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇) ဦး စုစုပေါင်း (၁၂)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ပဲခူး)
