ကန်စွန်းဥဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

        စျေးကွက်အတွင်းသို့ ဆောင်းရာသီစာကန်စွန်းဥများအား မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးနှုန်းကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥကို အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်နှင့် အဝါနုရောင်တို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ရောင်းချသည့်ကန်စွန်းဥ တစ်ပိဿာ လက္ကားစျေးမှာ (ငချိတ်ရောင်) ၃၅၀ဝကျပ်မှ၃၇၀ဝကျပ်၊ (လိမ္မော်ရောင်) ၂၅၀၀ကျပ်၊ ၃၀၀၀ကျပ်၊ လက်လီစျေး (ငချိတ်ရောင်) ၅၀၀ဝိ/-မှ၆၀၀ဝိ/-၊ (လိမ္မော်သီး) ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ဆောင်းရာသီစာကန်စွန်းဥမှာ စျေးနှုန်းချိုပြီး၊ အရောင်းသွက်ကြောင်း ထနောင်းပင်စျေးရှိ ကန်စွန်းဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)