
မန္တလေးစျေးကွက်သို့ ဖူးစားပြောင်း(ထိုင်ဝမ်) နှင့် ရှမ်း ပြောင်းသီးနှံများ အများအပြားဝင်ရောက်လျက် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် ဖူးစားပြောင်း (ထိုင်ဝမ်) မျိုးနှင့် ရှမ်းပြောင်းမျိုးတို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်းစုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ဖူးစားပြောင်းစျေးကွက်တွင် ထိုင်ဝမ်မျိုးပြောင်း ၁၀ ဖူးလျှင် လက္ကားစျေး ၅၀၀၀ ကျပ် နှင့် ၆၀၀၀ ကျပ်၊ ရှမ်းပြောင်း ၁၀ ဖူးလျင် ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေးမှာ ထိုင်ဝမ်ပြောင်း ၁၀ ဖူးလျှင် ၆၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ ရှမ်းပြောင်း ၁၀ ဖူး လျှင် ၇၅၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
