
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးများ ရရှိရန် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ဒေသတွင်း ကုန်ထုတ်လုပ်ငန်း များသို့ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး (၂၃-၁၂-၂၀၂၅ ရက်နေ့ နေ့လည် (၁၃၀၀)နာရီအချိန်က မအူပင်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဦးဇော်မင်း ခရိုင်ဦးစီးမှူးက ဒေသအတွင်းရှိ လုပ်ငန်း များ အချင်းချင်းချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ ထုတ်ကုန်များ ထုပ်ပိုး မှုစနစ် ပိုမိုကောင်းမွန်လာ ရန်၊ ထုတ်ကုန် အရည်အသွေးမြင့်မားလာရန်၊ ဈေးကွက် ပိုမိုရရှိလာရန်နှင့် တီထွင်ဆန်းသစ်မှုများ ကို ပိုမိုသိရှိလာရန်အတွက် စီးပွားဖြစ် ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးကို အိုင်ဝိုင်းကျေးရွာရှိ စက်မှုဇုန်လုပ်ငန်း တာဝန်ရှိသူနှင့် ဆွေးနွေးခဲ့ပြီး စက်မှုဇုန်မှ ထုတ်လုပ်နေသော လက်အိတ်ထုတ်လုပ်မှုအဆင့်ဆင့်ကို ကြည်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဤကဲ့သို့စီမံ ကိန်းများ ပိုမိုရရှိရန် ကြိုးပမ်းအားထုတ်၍ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် အထောက် အပံ့ကောင်းများ ပံ့ပိုးကူညီပေးခြင်း၊ MSME ထုတ်ကုန်များ ဆန်းသစ်တီထွင်လာနိုင်စေရန်နှင့် လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ တိုးတက်အောင်မြင် လာစေရန် မူဝါဒလုပ်ငန်းစဉ်များကို ပြင်ဆင်ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် နည်းပညာ၊ စျေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးခြင်းတို့ကို တင်ပြချိတ်ဆက် ဆောင်ရွက်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
