ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြ လာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက် များပိုမို ရရှိစေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာ ပေးလျက်ရှိပါသည်။

   ပခုက္ကူခရိုင်အနေဖြင့် ဒီဇင်ဘာလအတွင်းတွင် ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန် ခံနှင့်  ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၁၁)ရပ်ကွက်ရှိ ကုလားပဲမှုန့်၊ မြေပဲဆုံဆီ နှင့် စားသုံးဆီ ရောင်းချသည့် လုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၅)ကြိမ်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် အနောက် ပိုင်းရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးဆိုင်၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်ရှိ စားသုံးဆီ လုပ်ငန်း ရှင်များထံသို့ တွေ့ဆုံမှု(၂)ကြိမ်၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် မြောက်ကုန်းရပ်ကွက်ရှိ ငှက်ပျောကြော် လုပ်ငန်းရှင် (၁)ကြိမ် တွေ့ဆုံခဲ့ပြီး ပခုက္ကူခရိုင်(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် စုစုပေါင်းလုပ်ငန်းရှင်တွေ့ဆုံမှု (၈)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)