Hay Ko collection Online Shopလုပ်ငန်းအား online မှတ်ပုံတင်ရာတွင် အချက် အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်() ရပ်ကွက်ရှိ Hay Ko collection Online Shop လုပ်ငန်းအား online မှတ်ပုံတင်ရာတွင် အချက် အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ စစ်ဆေးရာတွင်  မင်းဘူးခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးက Hay Ko collection Online Shop လုပ်ငန်းအား online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းလျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထား သည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင် လက်မှတ်လျှောက် ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး online စနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ် ထားကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)