စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ကျေးရွာများအတွင်းရောင်းချဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသန်းထွဋ် ဌာနခွဲစာရေးသည် (၁၈.၁၂.၂၀၂၅) ရက်နေ့တွင်  ညောင်ပင်ဆိပ်ကျေးရွာ၊ပျဉ်းမပင်လှကျေးရွာ၊အကွေ့တန်းကျေးရွာနှင့် ကျိုက်ပါကျေးရွာများရှိ မိသားစုများသို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် (၁၀) ရက်တွင် (၁) ကြိမ်ရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်ပိုင်ရှင် ဦးချစ်စမ်းမောင်၏ ဆိုင်သို့ သွားရောက်၍ လက်ကားဆီဆိုင်မှ သတ်မှတ်ပေးထားသော ရောင်းဈေးအတိုင်း ပြန်လည် ရောင်းချပေးရန်၊ ရက်ချိန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ရောင်းချပေးရန်၊ ဆီဝယ်ယူခွင့် စာအုပ်တွင် ရောင်းချသည့်အရေအတွက်နှင့် ဈေးနှုန်းများအား စနစ်တကျရေးသွင်းထားရှိရန် မှာကြားပြီး ကျေးရွာအတွင်းပြည်သူများ၏ ဆီဝယ်ယူခွင့်စာအုပ်များအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကျေးစာရေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် အတူ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ