
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ် သည် (၁၇.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၉း၀၀) အချိန်တွင် စားအုန်းဆီဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့နှင့်အတူ ဦးရဲဇော်လင်း ဆီထုတ်ကိုယ်စားလှယ်မှ ဆီဖြန့်ဖြူးခြင်း လုပ်ငန်းများအား မှန်ကန်ခြင်းရှိစေရေး၊ အလေးချိန်နှင့် ဈေးနှုန်း မှန်ကန်စွာဖြန့်ဖြူးခြင်းရှိ/မရှိတို့အား ပူးပေါင်း အဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA) ဧရာဝတီ
