ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဆီစာအုပ်ဖြင့် ရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နေ့လယ် (14:၀၀) နာရီ ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဆီစာအုပ်ဖြင့် ရောင်းခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       အဆိုပါစစ်ဆေးမှုတွင် ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား ဆီစာအုပ်တွင် ရောင်းချသည့်ရက်စွဲ၊ ဈေးနှုန်းများပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လူတစ်ဦးလျှင် မည်သို့ရောင်း ချကြောင်း၊ ချိန်တွယ်ရာတွင် ချိန်တွယ်ပြည့်မှီအောင် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချရှိ/မရှိနှင့် ဆိုင်းဘုတ်ချိတ်ဆွဲရောင်းချခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ