
မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများ၊ သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာများကို မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ မိမိပိုင်ယာခင်းများတွင် စီးပွားဖြစ်သော်လည်း၊ တပိုင်တနိုင်သော်လည်းကောင်း စိုက်ပျိုးကြပြီး ချင်းတွင်းရတနာဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။
ပဲလိပ်ပြာသည် ချိုဆိမ့်အရသာရှိပြီး ပဲဟင်းရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ချက်စားလျှင်လည်း အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္တပတ်တွင် ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ (၁) ဘူးလျှင် (၁၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
