
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ရေထွက်လုပ်ငန်းများဖြင့် စီးပွားရေးလုပ်ကိုင်ကြသလို ဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့်လည်း စီးပွားဖြစ်လျက်ရှိသည်။ ဒေသတွင်း စိုက်ပျိုးသီးနှံများတွင် စားဖိုဆောင်သီးနှံများပါဝင်သလို ရာသီပေါ်သီးနှံများလည်းရှိသည်။ ရာသီပေါ် သီနှံများမှ ကန်စွန်းဥသည် လူကြိုက်များပြီး စီးပွားဖြစ်လျက်ရှိသော အစားအစားတစ်ခုဖြစ်သည်။ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းဥများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြသလို မြို့များ တွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း တွေ့ရှိရပါသည်။ ဒေသထွက်ကန်စွန်းဥများကို မြို့ရှိ စျေးများတွင် ပြန်လည်ရောင်းချကြပြီး ကန်စွန်ဥအဖြူနှင့် ငချိတ်စျေးနှုန်းတွင် ငချိတ်စျေးနှုန်းမှာ ပို၍ စျေးကောင်းရလျက်ရှိသည်။
ကန်စွန်းဥကို ပြုတ်စားတာဖြစ်ဖြစ်၊ ကြော်စားတာြဖစ်ဖြစ်၊ မုန့်လုပ်စားတာဖြစ်ဖြစ် စားသုံး လိုရပြီး အလွန်ပင်စားကောင်းရုံသာမက ကျန်းမာရေးအတွက်လည်း အလွန်ပင်အထောက်အကူ ပြုသော သီးနှံတစ်မျိုးဖြစ်သည်။ ကန်စွန်းဥမှာ အဟာရဓာတ်များစွာပါဝင်သည့်အတွက် ကိုယ်ခံ အားကောင်းမွန်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန် စေခြင်းနှင့် ကိုယ်အလေးချိန်ကိုကျစေခြင်းတို့ကို သက်သာစေပြီး စသည့်အကျိုးကျေးဇူးတွေရရှိ နိုင်သည့်အတွက် ကန်စွန်းဥကို စားသုံးသင့်ကြောင်း သိရပါသည်။ ကန်စွန်းဥ ကို မုန့်လုပ်ငန်းများတွင် ကန်စွန်းဥကြော်အဖြစ်ထုတ်ပိုး၍ ဒေသထွက်ကုန်အဖြစ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခု ဒီဇင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင်ရောင်းချနေသာ ကန်စွန်းဥဈေးနှုန်းမှာ ကန်စွန်းဥ အကြီးစားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှင့် အသေးစားတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိပြီး အကြော်တစ်ထုတ်လျှင် ၅၀၀ကျပ်မှ ၁၅၀၀ကျပ်ခန့်အထိ အရွယ်အစား၊ အချပ်အရေအတွက် အလိုက် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
