Talk Showအသိပညာပေး ဆောင်ရွက်

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးသည်(၁၆.၁၂.၂၀၂၅) ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့်စပ်လျဉ်း၍  အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါ အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအကြောင်းကို အများပြည်သူသိရှိနိုင်ရန် ရှင်းလင်းခဲ့ရာ ဤဥပဒေကို ၂၀၁၂ခုနှစ် ဩဂုတ်လ(၁၀) ရက်နေ့တွင် အခန်း(၅)ခန်း၊ ပုဒ်မ(၁၂)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ယင်း ဥပဒတွင် နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူ ပြုမည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန်၊ ဘေးအန္တရာယ်၊ကူးစက်ရောဂါနှင့် အခြားမလိုလား အပ်သော ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရိစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့တင်ပို့မှုတို့ကို တားဆီးနိုင်ရန်ရည်ရွယ်ကြောင်း၊ အရေးကြီး ကုန်စည် ဆိုသည်မှာ ဝန်ကြီးဌာန တစ်ခုခုက အခါအားလျော်စွဦ သတ်မှတ်သော သက်ရှိကုန်စည် သို့မဟုတ် သက်မဲ့ကုန်စည် တစ်မျိုးမျိုးကိုဆိုကြောင်း၊ အရေးကြီးဝန်ဆောင်မှု ဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာန တစ်ခုခုက အခါအားလျော်စွာ သတ်မှတ်သော ဝန်ဆောင်မှု တစ်မျိုးမျိုး ကိုဆိုလိုကြောင်း၊  အရေးကြီးကုန်စည်မှာ အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီ စသောကုန်စည်များ၊ အရေးကြီး ဝန်ဆောင်မှုမှာ ကျန်းမာရေးစောင့်‌ရှေဦက်မှု သယ်ဘူပို့ဆောင်ရေးနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းဖြစ်ကြောင်း၊ ပြစ်မှု ၊ ပြစ်ဒဏ်များအနေဖြင့် မည်သူမဆို ပုဒ်မ(၄)အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ် ကို ဖောက်ဖျက် ကြောင်းပြစ်မှု ထင်ရှားလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်ထိချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း  စသည်တို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၅ခု၊ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ၁ခု၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂ခု စုစုပေါင်း ၈ခု တားဝန်ပေးအပ်ခြင်းရှိကြောင်း သိရှိနိုင်ရန် အသိပညာဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

(DOCA ဧရာဝတီ)