စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူများ ဈေးကွက်အတွင်း စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းပြီး အသုံးပြု ဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ (၁၆-၁၂-၂၀၂၅)ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဓနုဖြူမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံလုပ်ငန်းရှင်နှင့် ကုန်စည်ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင် (၇)ဦးအား စားသုံးသူရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

            တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုးက စားသုံးသူ ကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တိုက်ရိုက်ဝယ်ယူသုံးစွဲသူ ပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ ကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရစေရေးနှင့် စားသုံးသူပြည်သူများ စိတ်ကြိုက်ရွေးချယ် ဝယ်ယူသုံးစွဲနိုင် စေရေး ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရေးအကြောင်းတို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးသည်။

              ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းအမျိုးအစားများအလိုက်ထုတ်လုပ်၍ လက်လီလက်ကားစနစ်ဖြင့် ဖြန့်ချီရောင်းချနေမှုများ၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများအကြောင်းတို့ကို ပြန်လည်ဆွေးနွေးမှုများအပေါ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

(DOCA ဧရာဝတီ)