သာပေါင်းမြို့နယ်၊ ကံကော်သောက်ရေသန့်စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

                ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ် သည် ပိန္ဒဲကုန်းကျေးရွာရှိ ဦးထွန်းထွန်းဦး၏ ကံကော်သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ သောက်ရေသန့်ထုတ်လုပ်မှုအခြေအနေများ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ရေသန့်များထုပ်ပိုးရာတွင် သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်ရန်၊ ဘူးခွံများ စနစ်တကျဆေးကြောသန့်စင်ပြီးမှ သောက်ရေသန့်များ ပြန်လည်ထည့်သုံးရန်၊ ထုတ်လုပ်မှုလိုင်စင်အား ထင်သာမြင်သာနေရာများတွင် ချိတ်ဆွဲထားရန် စသည့်တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)