ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှု အခြေအနေ

Powered by Drupal

   ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (တတိယပတ်)တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌  ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၂၆၀-၁၂၇၀)ကျပ်ဖြင့် ဈေးကောင်းပေးဝယ်နေ၍ ပြည်ပဝယ်လိုမှု မြင့်တက်လာမှုကြောင့် စီးဆင်းမှုမှာ ယခင်အပတ်ထက် ပိုများလာပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၂၅၀၀ကျပ်၊ ထူး ၂-၃၅၀၀ကျပ်၊ ထူး ၃-၅၀၀၀ ကျပ်၊ ထူး ၄-၆၀၀၀ကျပ်၊ ထူး ၅-၇၀၀၀ကျပ်၊ ထူးလွန်-၈၅၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ် ဖြင့် ဈေးငြိမ်နေပြီး ဈေးကွက်ဝယ်လိုအား လျော့ကျသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်ဖြစ် နေပါသည်။

        အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2/S3 (၅၅၀၀-၆၀၀၀)ကျပ်၊ မျက်နီ S1/S2 (၅၀၀၀-၅၅၀၀)ကျပ်၊ OK-၄၅၀၀ကျပ်၊ A1-၃၅၀၀ကျပ်၊ ဆွဲသီး-၃၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ်ဖြင့်  အရည်အသွေးနိမ့်ကျမှုကြောင့် ဈေးကျဆင်းသွားသော်လည်း ဈေးကွက်ဝယ်လိုအား မြင့်တက်မှု ကြောင့်  စီးဆင်းမှုမှာ ပိုလာပါသည်။

         ချင်းသီးနှံမှာ ဥသစ်အခက် တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်ဖြင့် ပြည်ပတင်ပို့မှု မရှိသောကြောင့် ဈေးကျဆင်းလျက်ရှိကာ စီးဆင်းမှုမှာ နည်းနေပါသည်။

      ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၃၀၀၀-၃၅၀၀)ကျပ်၊ ပန်းမုံလာ (၁၅၀၀-၂၀၀၀)ကျပ်၊ ရွှေပဲ (၁၀၀၀၀-၁၃၀၀၀)ကျပ်၊ မုန်ညှင်း (၅၅၀၀-၆၀၀၀)ကျပ်၊ ဖရုံသီး (၁၅၀၀-၂၀၀၀)ကျပ်၊ ခရမ်းသီး (၃၀၀၀-၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီး (၄၅၀၀-၅၅၀၀)ကျပ်၊ ငရုတ်ပွ (၁၅၀၀၀-၁၇၀၀၀)ကျပ်၊ မုန်လာဥနီ (၂၅၀၀-၃၀၀၀)ကျပ်၊ ဘိုစား (၈၀၀၀-၉၀၀၀)ကျပ်ဖြင့် အသီးသီးဈေးရှိနေကြပြီး ဂေါ်ဖီ နှင့် ခရမ်းသီး သီးနှံတို့မှာ ဈေးကွက်အဝင်နည်းသဖြင့် ဈေးတက်လာပြီး ပန်းမုံလာသီးနှံမှာ ဈေးကွက် အဝင်များသဖြင့် ဈေးကျဆင်းသွားပါသည်။ကုန်စိမ်းသီးနှံများမှာ ဈေးကွက်လိုအပ်ချက်အရ ဝယ်လိုအားကောင်းသော်လည်း ယခုကာလသည် ဒေသစုံမှ သီးနှံထွက်ရှိမှုရှိသဖြင့် စီးဆင်းမှုမှာ ယခင် အပတ်ထက် လျော့နည်းခဲ့ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)