ဂေါ်ဖီထုပ် စိုက်ပျိုးထုတ်လုပ်မှုနှင့် မြိတ်ဒေသပေါက်စျေး

Powered by Drupal

       ဂေါ်ဖီထုပ်ကို မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက်သီးနှံအမျိုး အစား ဖြစ်ပြီး အစားအသောက်များတွင် မပါမဖြစ် ပါဝင်သော အစားအသောက်တစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကိုဟင်းချိုချက်သောက်ခြင်း၊ အသားတစ်မျိုးမျိုးဖြင့်ရောကြော်ခြင်း၊ အသုပ်ထဲထည့်စား ခြင်း၊ အစိမ်းကြော်ကြော်ခြင်း၊ ကော်ပြန့်ကြော်၊ စမူဆာကြော် စသော မုန့်ပဲသွားရည်စာများတွင်လည်း အဆာပလာအနေဖြင့် ထည့်သွင်းခြင်းနှင့် ငါးပိရည် တို့စရာ အတို့မြုပ်အဖြစ်လည်း အမျိုးမျိုးစားသုံး ကြပါသည်။ ဂေါ်ဖီထုပ်ကို အေး၍စိုစွတ်သောဒေသများတွင် စိုက်ပျိုးမှုသင့်တော်သော သီးနှံဖြစ် ကြောင်းလေ့လာသိရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ဟဲဟိုးနှင့် ပင်းတယဒေသ တို့တွင် အဓိကစိုက်ပျိုးကြပါသည်။ မြိတ်ခရီုင်တွင်စိုက်ပျိုးနိုင်သော်လည်း အသီးကြီးထွားမှုနှုန်း နည်းပါးခြင်းကြောင့် ရောင်းပန်းမလှ၍ စျေးကောင်းမရရှိကြောင်းသိရှိရပါသည်။

ဂေါ်ဖီထုပ် စိုက်ပျိုးပါက မျိုးစေ့ကို ပျိုးထောင်ရပါသည်။ ပျိုးထောင်ပြီး ရက်ပေါင်း (၂ဝ) ရက်ကြာလျင် ပျိုးပင်ပေါက်လာ၍ ထိုပျိုးပင်ကို စိုက်ခင်းမြေနေရာ၌ ထပ်မံစိုက်ပျိုးရပါသည်။ စိုက်ခင်းတွင် ပျိုးပင် ချမစိုက်မီ မြေနေရာကို မြေပြုပြင်ခြင်း ဆောင်ရွက်ရပါသည်။ မြေပြုပြင်ရာတွင် သဘာဝမြေဆွေးများဖြစ်ကြသည့် ကြက်ချေး၊ နွားချေးတို့ဖြင့် အကြိမ်ကြိမ် ထယ်ထိုးခြင်း၊ ထွန်မွှေ ခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ ပြုလုပ်ရပါသည်။ ထို့နောက် စိုက်ဘောင် တစ်ဘောင်လျင် အမျိုးအစားအလိုက် စိုက်ကျင်းကို (၂)ပေခန့်ခွာပြီး အတန်းလိုက်စိုက်ပျိုးရပါသည်။ စိုက်ပျိုးထားပြီး သော အပင်များမှာ ရက်ပေါင်း (၅ဝ) ကြာမြင့်လာပါက ဂေါ်ဖီထုပ် ပွင့်ဖက်များ အထုပ်ထုပ်ရန် အစပြုလာပါသည်။ (၇၅) ရက်ကြာမြင့်လျင် ဂေါ်ဖီထုပ် အသီး စတင်ဖြစ်ပေါ်လာပြီး ရက် (၁ဝဝ) ကြာမြင့်သည့်အခါ အသီးခူးဆွတ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မြိတ်ဒေသတွင် ရောင်းချနေ သော ဂေါ်ဖီထုတ်အများစုမှာ ရှမ်းပြည်နယ်မှ မှာယူ၍ ရောင်းချကြပြီး ရန်ကုန်မြို့ ကုန်စည်ဒိုင်များှ လည်း မှာယူလျက်ရှိပါသည်။

မြိတ်မြို့ကာလပေါက်ဈေးအရ ဂေါ်ဖီထုတ်တစ်ထုတ်လျှင် (၄၅ဝဝ-၅၀ဝဝ)ကျပ် အထိ ရှိပြီး လမ်းပမ်းဆက်သွယ်ရေးအခြေအနေအရ စျေးနှုန်ပြောင်းလဲကြောင်းသိရှိရပါသည်။ဂေါ်ဖီထုပ်သည် သကြားဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဖော်လစ်အက်စစ်၊ ကယ်လ်ဆီယမ်၊ ပိုတက် ဆီယမ်၊ ဗီတာမင် အေ/ဘီ/စီ၊ သံဓာတ်နှင့် အန်တီအောက်ဆီဒန့် စသော အဟာရဓာတ်များစွား ပါဝင်သည့်အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)