ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင်“စားသုံးသူကာကွယ်ရေး အကြောင်းသိကောင်းစရာများ” Talk Show ဆွေးနွေးပြုလုပ်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဒေသဦးစီးမှူးရုံး၊ ပင်းတယမြို့မှ ဦးဝင်းလှိုင်ဦး(ရုံးအုပ်) သည် ၁၆.၁၂.၂၀၂၅ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ ပင်းတယမြို့နှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ ပင်းတယမြို့၌ စားသုံးသူ ကာကွယ်ရေး အကြောင်း သိကောင်းစရာများ Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး၊ ပင်းတယမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ကြူကြူလှိုင်က Talk Show အစီအစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဒေသဦးစီးမှူးရုံး၊ ပင်းတယမြို့မှ ဦးဝင်းလှိုင်ဦး(ရုံးအုပ်)က  စားသုံး သူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြုပြီး နစ်နာဆုံးရှုံးမှုများပေါ်ပေါက်လာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါ သည်။

DOCA(ရှမ်း)