ဂေါ်ဖီထုပ်ဈေးကွက် အရောင်းသွက်

Powered by Drupal

 

      ဆောင်းရာသီတွင် ဈေးကွက်သို့လှိုင်လှိုင်ဝင်ရောက်လေ့ရှိသော ဂေါ်ဖီထုပ်များအဝင်နည်း သေးကြောင်း မိတ္ထီလာဈေးကွက်မှသိရသည်။ ဂေါ်ဖီထုပ်မှာ မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးမှုမရှိသည့် အတွက် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောတို့မှ ဝင်ရောက်သောသီးနှံဖြစ်ပါသည်။ ဂေါ်ဖီထုပ် အသေးတစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ အလတ်တစ်ထုပ်လျှင် (၁၅၀၀)ကျပ်၊ အကြီးတစ်ထုပ်လျှင်(၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ကာ ဆောင်းရာသီဖြစ်သော်လည်း ဈေးနှုန်းကျဆင်းမှုမရှိကြောင်း သိရသည်။ ဂေါ်ဖီထုပ်ကိုစားသုံးသူများက အစိမ်းကြော်အနေဖြင့် စားသုံးမှုများကာ ဒေသတွင်းစားသုံးသူများကတော့ အသုပ်၊ ကြာဇံဟင်းခါး၊ မုန့်ဟင်းခါးတို့တွင် ဟင်းခတ်အမွှေးအကြိုင်နှင့်ရော၍ စားကြသဖြင့် အရောင်းသွက်ကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)