
မိတ္ထီလာမြို့ဈေးကြီးထဲရှိ ငါးဒိုင်တွင် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းရောင်းချနေသော ငါးဈေးနှုန်းမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၂၂၀၀၀ကျပ်၊ (၂၅ကျပ်သား)လျှင် ၆၀၀၀ကျပ်နှုန်းနှင့် ငါးကြင်း အကောင်လိုက် (၁)ပိဿာလျှင် ၁၉၀၀၀ ကျပ်ဖြင့်ရောင်းချနေပြီး မြစ်ငါးမြင်းဈေးနှုန်းမှာ မြစ်ငါးမြင်း ခုတ်သား (၁)ပိဿာလျှင် ၂၁၀၀၀ ကျပ်၊ (၂၅ကျပ်သား)လျှင် ၅၅၀၀ ကျပ်၊ ငါးမြင်းအကောင်လိုက်လျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းတွေ့ရပါသည်။ ငါးမုတ်များကို (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် အကောင်လိုက်အရှိသာ ဝယ်ယူနိုင်ကြောင်း သိရပါသည်။ ပလာတူးငါး များကိုမူ (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးတန်(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းလျက်ရှိကြောင်း သိရပါသည်။ ငါးကြင်းအသားမှာ နူးညံ့ပြီး အရိုးနည်းသောကြောင့် ဝယ်ယူမှုပိုမိုများပြားကြောင်း သိရပါသည်။ ငါးကြင်းခေါင်းကိုမူ မုန်ညှင်းရွက်၊ ချဉ်ပေါင်ရွက်၊ မျှစ်ချဉ်စသည်တို့နှင့်ရော၍ ဟင်းချို၊ အချဉ်ဟင်း ချက်ပြုတ်၍ စားသောက်ရောင်းချကြသည်။ ငါးကြင်းခေါင်းကိုမူ စားသောက်ဆိုင်များမှ အများဆုံးသီးသန့်ဝယ်ယူကြကြောင်း ရောင်းချသူ တစ်ဦးထံမှ သိရပါသည်။
DOCA(မန္တလေး)
