
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြပြီး ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ရွေဖရုံသီးကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင်အများဆုံးစိုက်ပျိုးကြပါသည်။ ပူနွေးသောရာသီဥ တုတွင် ပိုမိုဖြစ်ထွန်းသော်လည်း အနည်းငယ်အေးသော ရာသီတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။ ဒေသထွက်ဖရုံသီးများကို ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရ သည်။ ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန် သည့်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စား ခြင်းများ ပြုလုပ်လေ့ ရှိကြောင်း သိရှိရသည်။ အစေ့ကို ဖရုံစေ့ထုတ်ကုန်အဖြစ်ထုတ်လုပ်နိုင်သော အသီးဖြစ်သည်။ မြိတ်ဒေသတွင် ဖရုံစေ့ တစ်ထုတ်လျှင် ၁၀၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက်ရှိသော ရွှေဖရုံသီးဈေးနှုန်းမှာ ရွှေဖရုံသီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်၊ ရွှေဖရုံသီး (၁)စိတ် လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံကုန်စိမ်း ရောင်းချသူများထံမှ သိရှိရသည်။
DOCA(တနင်္သာရီ)
