မိတ္ထီလာဈေးကွက်ရှိ အရောင်းသွက်သောဆန်ဈေးနှုန်းများ

Powered by Drupal

    မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယပတ်တွင် ဆန်ဈေးနှုန်းများ တည်ငြိမ်နေကြောင်း သိရသည်။ ဒေသတွင်းအရောင်းသွက်သောဆန်အမျိုးအစားများ မနောသုခ၊ ရက်(၉၀)မျိုးများ မှာကျေးလက်နေတောင်သူဝယ်လက်များကြောင့် အရောင်းသွက်ကြောင်း သိရသည်။ ဒေသတွင်းစိုက်ပျိုးထွက်ရှိသော သီးနှံကိုရောင်းချရသောငွေဖြင့် တစ်နှစ်စာ စားသုံးရန်ဆန်ဝယ်ယူလေ့ရှိသည့် တောင်သူများ၏ရှေးရိုးဓလေ့အရ ယခုနှစ်ငရုတ်စိုက် တောင်သူများ ကလည်း မနောသုခနှင့်ရက်(၉၀)ဆန်အသစ်တို့ကို (၅/၁၀) အိတ်ဝယ်ယူစုဆောင်းကြောင်း ဆန်ပွဲရုံများမှ သိရသည်။ တောင်သူများအဝယ်သွက်သည့် ဆန်အမျိုးအစား များမှာ မနောသုခ(သစ်)တစ်အိတ်လျှင်(၅၅၀၀၀-၆၀၀၀၀)ကျပ်၊ ရက်(၉၀) တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဝန်းကျင်ဖြင့်ရောင်းချရကြောင်း ဒေသတွင်း သီးနှံပေါ်ချိန်တွင် အရောင်းသွက်ကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)