
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်း များသည်(၆.၁၂.၂၀၂၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ပျော်ဘွယ်မြို့နယ်ရှိ မိဘမေတ္တာဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဆန်လက်လီ /လက်ကားရောင်းချနေသော ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပျော်ဘွယ်မြို့နယ်တာဝန်ခံမှ မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online Myro)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို မပျက်မကွက် မှန်ကန်စွာထည့် သွင်းပေးနိုင်ရေး၊ ရေးသွင်းသည့်အချက်အလက်များနှင့် မြေပြင်လက်ကျန် အခြေအနေများ ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
DOCA(မန္တလေး)
