မုံရွာမြို့တွင် ရောင်းချနေသော ပန်းမျိုးစုံ ဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရောင်းချနေသော ဘုရားပန်းအမျိုးမျိုးကို ရှမ်းပြည်နယ်တောင်ပိုင်းဒေသနှင့်မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း ပန်းအမျိုးမျိုး‌ရောင်းချသူထံမှ သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော ပန်းမျိုးစုံဈေးနှုန်း မှာ သစ္စာပန်းတစ်စည်းလျှင် (၃၀၀၀)ကျပ်၊ ဂန္ဓမာပန်းတစ်စည်းလျှင် (၃၅၀၀)ကျပ်၊ နှင်းဆီအနီ ၁၀ပွင့်ပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်နှင့် မေမြို့ပန်းတစ်စည်းလျှင် ( ၁၃၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းအမျိုးမျိုးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)