
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ရာသီပေါ်ထန်းမြစ်များ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။အညာဒေသထွက် ရာသီစာထန်းမြစ်များကို ဆောင်းဦးကာလ အတွင်းသာရရှိနိုင်သည့် ရာသီပေါ်သီးနှံဖြစ်သည့်အတွက် အရောင်းအဝယ်ကောင်း လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော ထန်းမြစ် ဈေးနှုန်းမှာထန်းမြစ် (၂၅)ချောင်း (၁)စီးလျှင် (၂၅၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ထန်းမြစ်ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
