မုံရွာမြို့တွင် ရောင်းချနေသော ပဲမြစ်နှင့် အာဒါလွတ်ဥ ဈေးနှုန်း

Powered by Drupal

                 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် မန်ကျည်းတောဒေသ ထွက်ပဲမြစ်နှင့်အာဒါလွတ်ဥများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မန်ကျည်းတောပဲမြစ်နှင့် အာဒါလွတ်ဥများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အတွက် မန်ကျည်းတောပဲမြစ်နှင့်အာဒါလွတ်ဥများ စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

            ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော မန်ကျည်းတောပဲမြစ်နှင့် အာဒါလွတ်ဥ ဈေးနှုန်းမှာ မန်ကျည်းတောပဲမြစ် ၂၅ကျပ်သားလျှင်(၁၂၅၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အလားတူ အာဒါလွတ်ဥဈေးနှုန်းများမှာ ၂၅ကျပ်သားလျှင် (၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၉၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသောဈေးသည် တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)