
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်အုပ်စု၊ လွယ်မွေအုပ်စု၊ မိုင်းဇင်းအုပ်စု၊ မိုင်းခွန်အုပ်စုကျေးရွာများတွင် ရာသီပေါ်သီးနှံ တစ်မျိုးဖြစ်သော ဂေါ်ဖီထုပ်ကို ရေလုံလောက်စွာရရှိပါက အိမ်၊ ခြံ၊ မြေ၊ ဥယျာဉ်ခြံ များ၌ တစ်နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။
ဂေါ်ဖီထုပ်စတင်စိုက်ပျိုးသည့် စက်တင်ဘာ၊ အောက်တိုဘာလတွင် မြေကို ထွန်ယက်၍ ဘောင်စနစ်ဖြင့် စိုက်ပျိုးကာ ဒီဇင်ဘာလတွင် ထွက်ရှိကြောင်း သိရှိရ ပါသည်။ တစ်ဧက၏ စိုက်ပျိုးမှုအတွက် ပျိုးခင်း၊ မြေပြုပြင်ခြင်း၊ စိုက်ခင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ မျိုးစေ့၊ သွင်းအားစု များ၊ ကွန်ပေါင်း၊ ယူရီးယား၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ နွားချေး ပျိုးပင်၊ လုပ်အားခစသည်တို့သည် ယခုနှစ်တွင် တစ်ဧကလျှင် သွင်းအားစု စုစုပေါင်း သိန်း(၂၀) ခန့် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထွက်ရှိသော ဂေါ်ဖီထုပ်များသည် တစ်ဧကလျှင် အထုပ်ပေါင်း ၅၀၀၀-၆၀၀၀ ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ထွက်ရှိ သော ဂေါ်ဖီထုပ်များကို ကျိုင်းတုံ၊ မြို့မဈေး၊ နောင်ကွမ်ဈေး၊ ယန်းခမ်းဈေးတို့၌ အရွယ်အစားပေါ်မူတည်၍ လက်ကားဈေးနှုန်းတစ်ထုပ်လျှင် (၈၀၀-၁၃၀၀) ကျပ် ခန့်၊ လက်လီဈေးနှုန်းတစ်ထုပ်လျှင် (၂၀၀၀-၂၅၀၀) ကျပ်ခန့် ပေးဝယ်ရကြောင်း သိရပါသည်။ ဂေါ်ဖီထုပ်ရောင်းရငွေမှာ လက်ကား အနိမ့်ဆုံးဈေးဖြင့်တွက်လျှင် (၄၀) သိန်းခန့်ရရှိ၍ တစ်ဧက၏ အထွေထွေကုန်ကျစရိတ် (၂၀) သိန်းနှုတ်လျှင် ဂေါ်ဖီထုပ်စိုက်တောင်သူကြီးများအနေဖြင့် တစ်ဧကကို အကျိုးအမြတ်မှာ သိန်း(၂၀) ခန့် ရရှိနေကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)
