မုံရွာမြို့၊ ကျောက္ကာလမ်းဘေးရှိ  ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများအများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင် သိရှိရပါသည်။ နဂါးမောက်သီးပင် များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့၊ ကျောက္ကာလမ်းဘေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် (၃၅၀၀/၄၅၀၀)ကျပ်၊ ပန်းသီးအလုံးသေး (၇)လုံးလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၉၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၁၃၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)