
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက် အတွင်းရှိ ကုန်ပစ္စည်းများနှင့် စျေးကွက်မရောက်မီကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့် စစ် ဆေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံ သည် (၁၂.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ ရောင်းချလျက် ရှိသော ကုန်ပစ္စည်း (၁၅) မျိုးအားနမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ နမူနာဝယ်ယူခဲ့သော ကုန်ပစ္စည်း (၁၅)မျိုးတွင် ရှမ်းချဉ်(ပဲပိုးတီ)၊ ရှမ်းချဉ်၊ ကြက်အူ ချောင်း၊ သရက်ချဉ်၊ ပဲပြား(S)၊ ချင်းပေါက်တို့၌ အစားအစာများတွင် သုံးစွဲရန်မသင့်သော ချွတ်ဆေး များနှင့် တာရှည်ခံဆေးများ သုံးစွဲထားခြင်းရှိ/မရှိ Mobile Lab Van ဖြင့် အဆိုပါစျေးအတွင်း ချက်ချင်းစစ် ဆေးခဲ့ရာ သုံးစွဲရန်မသင့်သော ချွတ်ဆေးများနှင့်တာရှည်ခံဆေးများ သုံးစွဲထားခြင်း မရှိကြောင်းနှင့် မျှစ်(အနီရောင်)၊ မျှစ်(အဝါရောင်)၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ငရုပ်သီးမှုန့်၊ ငပိ၊ ငရုပ်ဆီ(အနီ)၊ ငရုပ်ဆီ(အစိမ်း)၊ လက်ဖက်တို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနသို့ ယူဆောင်စစ်ဆေးပြီး စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက ထုတ်လုပ်သူ လုပ်ငန်း ရှင်များအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
