သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

               ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဒီဇင်ဘာလ (၁၀) ရက်နေ့ မှ ဒီဇင်ဘာလ (၁၅) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ ကျပ် ၁၈၀၀၀/ ၂၀၀၀၀၊ ပြည်မှ ဇီးသီး(ချဉ်) တစ်ပြည် ကျပ် ၃၅၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်ပိဿာ ကျပ် ၅၀၀၀/၇၀၀၀/ ၈၀၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်သေတ္တာကြီး ကျပ် ၂၃၀၀၀၀၊ ပြင်ဦးလွင်မှ ထောပတ်သီး အိတ်ကြီးတစ်အိတ် ကျပ် ၄၅၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီး တစ်လုံးကျပ် ၃၀၀၀/၆၀၀၀/၈၀၀၀၊ တိုက်ကြီး မှ ကလောဥ တစ်ပိဿာ ကျပ် ၂၀၀၀၊ ပဲခူးမှ စိမ်းစားဥ တစ်တွဲ ကျပ် ၂၀၀၀၊ ပုပ္ပါးမှ မာလာကာသီး အိတ်ကြီးတစ်အိတ် ၁၅၀၀၀၀ ကျပ် ရေတာရှည်မှ ဖရဲသီး (855) တစ်လုံး ကျပ် ၁၅၀၀၀၊ ရေတာရှည် ဖရဲသီး(211) တစ်လုံး ကျပ် ၅၀၀၀၊ ၈၀၀၀၊ ၉၀၀၀၊  ယိုးဒယား ပန်းသီး တစ်သေတ္တာကြီး ကျပ် ၁၉၀၀၀၀၊ ရှမ်းပြည်မှ ပန်းသီးတစ်သေတ္တာကြီး ကျပ် ၁၅၀၀၀၀ တို့ရှိကြောင်း သစ်သီးဈေးနှုန်းများ သည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများအနည်းငယ်သာ ပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)