မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၉.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဝါးခယ်မမြို့၊ အောင်သပြေဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်(၃)ဆိုင်ရှိ ရွက်လှေတံဆိပ် ပေါင်းဂျုံခေါက်ဆွဲ(နန်းပြား)ထုတ်များတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံ စွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးရာပြည့်စုံမှုရှိကြောင်းတွေ့ရှိရပြီး၊ ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက် များအား လိုက်နာဆောင်ရွက်ကြရန် လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသော ဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)