
ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၊ နေ့လယ် ( ၁၄ : ၀၀ )နာရီအချိန်တွင် ဖျာပုံမြို့နယ် ကျုံကူ ကျေးရွာ ရှိ ကျားမင်းအမှတ်တံဆိပ် ငရုပ်ဆီလုပ်ငန်းသို့ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ဆောင်ရွက်ရာတွင် ဈေးကွက်ပို့ရန် ကုန်စည်များ စနစ်တကျ ထုပ်ပိုးမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ အလုပ်သမားတစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး၊ ထုတ်လုပ်မှု၊ ရောင်းချမှု၊ အလုပ်သမားများ လုပ်ခလစာပေးမှုနေမှုနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဖော်ပြချက်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(Doca ဧရာဝတီ)
