
၈.၁၂.၂၀၂၅ရက်နေ့၊နံနက်(၀၈:၃၀)နာရီအချိန်တွင်ဒေးဒရဲမြို့နယ်"သစ်ဆန်းညွှန့်"ဆေးနှင့် စတိုးဆိုင်အား ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်ဌာနများပါ၀င်သောပူးပေါင်းအဖွဲ့သည် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းမှုတွင် ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းများအား လက္ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆေးသိုလှောင်ရုံနှင့်ဆေးဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးမှုကိုပြုလုပ်ခဲ့ပြီးဆေးဝါးများဈေးနှုန်းများ အတက်/အကျဖြစ်ပေါ်နေမှုအခြေအနေ၊ဆေးဝါးပစ္စည်းလက်ကျန်အနေအထားပေါ်မူတည်၍ ဆက်လက်ရောင်းချနိုင်မည့်အခြေအနေ၊ဆေးဝါးပြတ်လပ်မှုမရှိစေရေးဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
