ကျိုက်လတ်မြို့ (အ.မ.က ခနောင်-၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

    ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့်ဝန်ထမ်း တို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် (အ.မ.က ခနောင်-၁) ကျောင်းရှိ ဆရာ/မနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်စိန်က စားသုံးသူ၏ အခွင့် အရေး(၈) ချက် ၊ တာဝန်(၄) ချက်အကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ပုဒ်မ (၄၁) အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆရာ/မ နှင့် ကျောင်းသား/သူ များအား ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/မြို့နယ် /ရုံးချုပ် တို့တွင်ဖွင့်လှစ်ထားရှိကြောင်း ၊ Call Centre 1535 သို့ ဆက်သွယ် မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)