သခွားမွှေးသီးစျေးမြင့်တက်လျက်ရှိသည့် မန္တလေးစျေးကွက်

Powered by Drupal

     နတ်တော်လရာသီအတွင်း ဘုရားပွဲနှင့် အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ မန္တလေးစျေးကွက်အတွင်း သခွားမွှေးသီးဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့် သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း (ကြီး) ၄၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊ အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၅၀၀ ကျပ်စျေးဖြစ်ပြီး၊  မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)