ဂန္ဓမာပန်းမျိုးစုံ အရောင်းသွက်လျက်ရှိသည့် နတ်တော်လ

Powered by Drupal

         စျေးကွက်အတွင်း နတ်တော်လအခါသမယအချိန်တွင် ဂန္ဓမာပန်းအမျိုးမျိုး ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ဂန္ဓမာပန်းမျိုးစုံအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှထွက်ရှိသည့် ဂန္ဓာမာပန်းများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လပ်ကီးဝါ၊ လပ်ကီးနီ၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်း၊ ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်းနှင့် ပုလဲဖြူတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့၊ သိရီမာလာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)