MyROတွင်မှန်ကန်စွာစာရင်းသွင်းရန်၊ ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်လုပ်ငန်းရှင်အား အသိပညာပေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ၈-၁၂-၂၀၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ဆန်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MyROတွင်မှန်ကန်စွာ စာရင်းသွင်းရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် ဦးခိုင်လွမ်းမိုး က  မိမိတို့ဌာန အနေဖြင့် ဆန်တန်ချိန် (၂၅) (၅၀၀ အိတ်) နှင့်စပါးတင်း (၂၅၀၀) အထက်သိုလှောင်မှုပမာဏကို မှတ်ပုံတင်မည့်ရမည်ဖြစ်သဖြင့် Myanmar Rice Online (MyRO) Website တွင် မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ရန်ကို အမိန်ထုတ်ပြန်ကြေငြာဆောင်ရွက်ပြီး ဆန်သိုလှောင်သူ လုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ရန် ပထမ ရည်ရွယ်ချက်ဖြစ်ပြီး၊ ဒေသတွင်း ဆန်များကို စီးပွားရေးအလို့ငှာ လုပ်ကိုင်သိုလှောင်သူများသည် မဖြစ်မေနေ သိုလှောင်မှု အရေအတွက်များကို (MyRO) အဖြစ်မနေ လက်ကျန်စာရင်းအမှန်ကို ဖြည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဒေသတွင်း စပါး/ဆန် တောင်သူ၊ ကုန်သည်၊ စက်ပိုင် လုပ်ငန်းရှင်တို့မှ မြေပြင် အမှန်တကယ်သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကောက်ယူ၍ မိမိဌာနမှ ထိန်း ကြောင်း ဆောင်ရွက် နေပြီး နိုင်ငံတော်မှ စပါး/ဆန်နှင့် စပ်လျဉ်၍ စီမံခန့်ခွဲဆောင်ရွက်သည့်အခါ နယ်မြေစာရင်း အချက်အလက် မှန်ကန်စွာ တင်ပြနိုင်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များမှ ရ၊ ထုတ်၊ကျန် စာရင်’မျာ’ကို လစဉ် လဆန်း(၇) ရက်နေ့တွင် မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရန် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လစဉ် ဖြည့်သွင်းမှု စာရင်းများကို မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက်ပေးနိုင်ရန် မှာကြား ဆွေးနွေးခဲ့ပြီး ဓနုဖြူမြို့နယ် ဆန်ဆိုင်လုပ်ငန်း ရှင် နှင့် သိုလှောင်ရုံလုပ်ငန်းရှင် (၁၂) ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)