ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

          ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း (ယာယီ) ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ(၁၆) ရက်နေ့တွင် ဆီလုပ်ငန်းရှင် (၁၁) ဦးဖြင့် ဥက္ကဌ၊ ဒု- ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ အမှုဆောင် အဖွဲ့ဝင်များဖြင့် အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ မြို့နယ်အနေဖြင့် ဆီလက်လီ/ လက်ကား ကိုယ်စားလှယ်များ အား ကျေးရွာ၊ရပ်ကွက်၊ အိမ်ထောင်စုများကို ဆီစာအုပ်ဖြင့် ရောင်းချ နေမှုအခြေအနေများအား စနစ်တကျ ဆောင်ရွက်ထားရန် ၊ အရည်အသွေး ပြည့်ဝသော ဆီများ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်စွာ ရောင်းချပေးရန် ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အပတ်စဉ် ကွင်းဆင်းရာတွင် ပူးပေါင်းဆောင်ရွက်ပေးရန် ဆီဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)