
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှစားသုံးသူ ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့်အတူ နယ်စပ်ရေးရာ သင်တန်းကျောင်းတွင် ၅-၁၂-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီ ၃၀မိနစ် အချိန်က မြို့သစ်ရပ်ကွက် အ.ထ.က ကျောင်း တွင် ကျောင်းသား/သူ ၁၂၀ ဦး အား ဟောပြောခဲ့ ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်လင်းက စားသုံးသူအခွင့်များ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက် အလက်များသိရှိရန်၊ စားသုံးသော အစားအသောက်ကုန်ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူများနစ်နာမှုရှိပါက မအူပင်ရိုင် ဦးစီးမှူးရုံးသို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတင်းလုပ်ရှာမှုများကို ဦးစီးဌာန၏ WEBSITE တွင်ဝင်ရောက်ကြည်ရှုလေ့လာနိုင်ကြောင်းကို အသိပညာပေး ဟောပြောခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
