
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနရုံး၌ အွန်းလိုင်း စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို ကုန်စည်အုပ်စု(၂၂)အုပ်စုနှင့် ဝန်ဆောင်မှုအုပ်စု (၁၄)အုပ်စု သတ်မှတ်၍ မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် လျှောက်ထားရန် အခြေခံလိုအပ် ချက်များအား သိရှိရန်လိုအပ်ပါကြောင်း အွန်လိုင်းရောင်းဝယ်ခြင်း လုပ်ငန်းသည့် အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ် သတ်မှတ်သည့်အမိန့်ကို အမိန့်ကြော်ငြာ စာအ မှတ်(၅၀/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင်ထုတ်ဝေခဲ့ပါကြောင်း မည်သူမဆိုအွန်လိုင်းဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံ တင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာ စာထုတ်ပြန်ပြီး (၆)လပြည့် သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅)အရ အရေးယူခံရမည်ကိုသိရှိစေရန်နှင့် အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မှတ်ပုံတင် ရယူ၍ ရောင်းဝယ်ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)
