
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးတို့သည် ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ နန်းပျိုဖြူခေါင်းလျော်ရည်၊ရေချိုး ဆပ်ပြာစသဖြင့် လူသုံးကုန်ပစ္စည်း online ရောင်းချသူနှင့် တွေ့ဆုံကာ online ရောင်းချမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် online စနစ်ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်အား လျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာတိုင်းလုပ်ငန်းအမှန်တကယ် ရှိ/မရှိ၊မှတ်ပုံတင်လျှောက်ထားစဉ် ကရောင်းချရန် တင်ပြထားသော ကုန်စည်အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိ ၊လုပ်ငန်းရှင်ဖုန်းနံပါတ်၊ရောင်းချသူ Facebook Page မှန်ကန်မှုရှိ/မရှိ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို စီစစ်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
DOCA( ပဲခူး)
