ပခုက္ကူမြို့၊ အမှတ်(၁၅၀) အခြေခံပညာမူလတန်းကျောင်းမုန့်ဈေးတန်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အသင့် စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါအချက်အလက်များပြည့်စုံပြီး ဘေးန္တ ရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ (၅.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅၀) အခြေခံပညာမူလတန်းကျောင်း မုန့်ဈေးတန်း ဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ဆိုင်ရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ရှင်များအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဝယ်ယူစားသောက်နေသော မြန်မာ့ရိုးရာအစားအစာများ၊ အသုပ်များတွင် ခြင်၊ ယင်မနားစေရေန် သေချာစွာဖုံးအုပ်၍ ရောင်းချ စေလိုကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်းသိရှိစေရန် အသိပညာပေးဆွေးနွေး၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)