
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံး သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိစေရန် ရည်ရွယ်၍ လစဉ်သတ်မှတ်ထားသောဦးစားပေး ကုန်စည်အမျိုးမျိုးနှင့် အခြား ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီ မှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစောင့်ကြည့် စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့် ကြည့် စစ်ဆေးရာတွင် မိတ်ဘက်ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် နိုဝင်ဘာလအတွင်းတွင် ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှ ဦးဆောင်၍ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် ကလေးတကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်း အမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းရာတွင် ပခုက္ကူမြို့ပေါ် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်နှင့်စတိုးများတွင်(၃)ကြိမ်၊ ဆိပ်ဖြူ မြို့ တွင်(၁) ကြိမ်၊အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က၊ ထမကောက်ကျောင်းမုန့်ဆိုင်တွင် ရောင်းချနေ သောမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိ (၁)ကြိမ်၊ စားသုံးဆီ အမျိုးမျိုးအား ပခုက္ကူမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ဆိပ်ဖြူမြို့တွင်(၁)ကြိမ်၊ ဈေးကွက်မရောက်မီ ပဲမှုန့်နှင့် ပုန်းရည်ကြီးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ(၂)ကြိမ်၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်၊ အ.လ.က(ခွဲ) ကျောင်းမုန့်ဈေးတန်းတွင်(၁)ကြိမ် စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁၀) ကြိမ်၊ အထူး ဈေးကွက်အနေဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့်ဆေးဝါးများအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အချဉ် အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း ဆောင်ရွက်ကွင်းဆင်းခဲ့ပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့်လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်း ရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များသိရှိစေရန် အသိပညာပေးခြင်းနှင့် အွန်လိုင်းစနစ် ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်း မှတ်ပုံ တင်ရန်အတွက် လိုအပ်သည့်အချက် အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ (အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍစုံအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပူး ပေါင်း၍ (အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းများဆောင်ရွက်သည့် ဆိုင်များသို့ သွားရောက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(မကွေး)
