
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံဒေသတို့မှ ကြက်သွန်နီ (၇၂၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန် မှာ (၂၈၈၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၀၀၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၂၀၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၃၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၇၀၀၊ အကြီးမှာ ကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၇၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။
ယခုတစ်ပတ်တွင် ဆိပ်ဖြူ(ရှယ်) မှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်တက်ပြီး၊ လတ်ချော၊ လတ်သန့်နှင့် လတ်ကြီးမှာ ယခင်အပတ်တိုင်းဈေးတူနေပါသည်။ မြင်းခြံ ကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်ကျလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
